နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲအနီး သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းဝင်းအတွင်းရှိ ကျန်းမာရေးဆေးပေးခန်း၌ အသက် ၆ လမှ ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ (မျက်စိအားတိုးဆေး) များကို ဖေဖော်ဝါရီ ၁၈ ရက် ညနေက တိုက်ကျွေးပေးခဲ့သည်။
အဆိုပါ ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းလက်အောက်ရှိ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်နှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ သားသမီးများကို ဗီတာမင်အေ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ်အမြင့် တိုင်းတာခြင်းနှင့် ကလေးမိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းဗီတာမင်အေဆေးများကို ဇေယျာသီရိမြို့နယ် မရင်းကြီးဆေးခန်းမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စိုးစိုးမော် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက လာရောက်တိုက်ကျွေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း) ၊ ဓာတ်ပုံ.ဇော်ဘီ