နေပြည်တော်၊ ၂၁ ဇွန်
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ဇွန်လ ၂၀ ရက်က ဂေါက်ဂက်လောင်းကစား ပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ဇေယျာ သီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ၊ ရွာလယ်လမ်းမ၌ ဂေါက်ဂက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ ကျောက်ချက် ကျေးရွာနေ အောင်လွင်(၄၃)နှစ်ပါ၃ ဦးတို့အား ဂေါက်ဂက်လောင်းကစားရာတွင် အသုံးပြုသည့် အလျား ၅ ပေ၊ အနံ ၃ ပေခွဲခန့်ရှိ ကြက်၊ ဆင်၊ ကျား၊ ပုဇွန်၊ လိပ်၊ ငါးပုံများပါ ဗီနိုင်းစဇယားကွက် ၁ ခု၊ ၆ လက်မခန့်ပတ်လည်ရှိ ကြက်၊ ဆင်၊ ကျား၊ ပုဇွန်၊ လိပ်၊ ငါးပုံများပါ အန်စာတုံး ၄ တုံး၊ လောင်းကြေးငွေ ၄၁,၆၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်လွင်ပါ ၃ ဦးအား ရေဆင်း နယ်မြေရဲစခန်း (ပ)၆၆/၂၀၂၁၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)