ဇေယျာသီရိ ဖေဖော်ဝါရီ ၁၉

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူး ဦးမြတ်သီဟ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စက်ရုံ/အလုပ်ရုံများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေမြို့ဆိုလာဓာတ်အားပေးလုပ်ငန်း၌ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောဆွေးနွေးပြီး ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသူက လက်တွေ့ငြှိမ်းသတ်နည်း သရုပ်ပြသ၍ လက်တွေ့မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)