နေပြည်တော်    ဇွန်    ၇

 

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် နွေစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ဇွန် ၇ ရက် နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ တောင်သူဦးသိန်းဝင်း၏ ကွင်းအမှတ် ၁၅၉၆ ကွင်း၌ ကျင်းပခဲ့သည်။

 

နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်း၊ ဇေယျာသီရိမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းနိုင်၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်း၊ ဇေယျာသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးရွှေနှင့် တောင်သူများ တက်ရောက်ကြပြီး နွေစပါးစံကွက် ၀ ဒသမ ၀၁၀ ဧကနှင့် ၀ ဒသမ ၀၀၁ ဧကတို့ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအစိုထွက် ၁၃၇ တင်းနှင့် အခြောက်ထွက် စပါး ၁၂၇ တင်း ထွက်ရှိခဲ့သည်။

 

ယခုနှစ်တွင် ဇေယျာသီရိမြို့နယ်၌ နွေစပါးစိုက်ဧက ၃၈၀ စိုက်ပျိုးထားရှိပြီး မိုးစပါးစိုက်ပျိုးရန် ၁၂၂၉၂ ဧက လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)