နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး မြေစိုက်ဘုတ်ကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှေ့နှင့် ရန်ကုန် - မန္တလေး လမ်းဟောင်း သိုက်ချောင်းလမ်းဆုံတို့တွင် စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက် မြေစိုက်ဘုတ်တင်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဥတ္တရခရိုင်ဦးစီးမှူး(ဒုတိယညွှန်ကြားရေးမှူး) ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြို့နယ်(ပြန်/ဆက်)