ဇေယျာသီရိ စက်တင်ဘာ ၂၈

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ ကျောင်း ၃၇ ယာယီပိတ်ထားခဲ့ရာမှ ၃၅ ကျောင်း ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

 

ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ကျောင်း စုစုပေါင်း ၆၃ ကျောင်းရှိရာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဆင်သေချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း ၃၇ ကျောင်းအတွင်း ရေများဝင်ရောက်ခဲ့ပြီး ယာယီပိတ်ထားခဲ့ရာ   ရေပြန်လည်ကျဆင်းသွားချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍  အခြေခံပညာများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အခြေခံပညာကျောင်းစုစုပေါင်း ၃၅ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် စည်ပင်ကြီး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ချောင်းကမ်းကြီး အခြေခံပညာမူလတန်းကျောင်းများ အမြန်ဆုံးဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းရှိ နုန်းမြေများ၊ အမှိုက်များနှင့် စာသင်ဆောင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)