နေပြည်တော်  ၂၉  ဧပြီ

 

ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နွေရာသီကာလတွင် မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသော နေရာများသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ယနေ့ မွန်းတည့် ၁၂ နာရီမှစတင်ကာ ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းရပ်ကွက်နှင့် နန်းဩကျေးရွာတွင် ရေဂါလံ ၁၀၀၀ ဆံ့ ရေသယ်ယာဉ် ၁ စီးဖြင့် သောက်သုံးရေများလှူဒါန်းရာ ကျေးရွာ ကော်မတီများနှင့် ကျေးရွာသူ/ကျေးရွာသားများက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည်။

 

သောက်သုံးရေလှူဒါန်းမှုကို ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နွေရာသီကာလ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းလင်း(ပြန်/ဆက်)