နေပြည်တော် ဧပြီ ၁
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခု၌ ဧပြီ ၁ ရက် နံနက် ၉ နာရီတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်တွင် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်၊ ရေဆင်းအခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောက်ချက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တို့၌ ကျောင်း သား ၈၀၀၊ ကျောင်းသူ ၁၀၄၅ စုစုပေါင်း ၁၈၄၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၉ ဦးရှိကာ ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၉၄ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


