နေပြည်တော် အောက်တိုဘာ ၁၉

 

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက သာစည်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ သွားရောက်၍ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးအား ဇေယျာသီရိမြို့နယ်ရှိ ကျွဲ၊ နွား ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန်အတွက် ထိုးနှံပေးခြင်းဖြစ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်နှင့် ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများက အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ မြို့နယ်အတွင်း ကျေးရွာအုပ်စုများသို့ သွားရောက်ထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်အထိ ကျွဲကောင်ရေ ၃၈ ကောင်၊ နွားကောင်ရေ ၃၀၀၅ ကောင်အား  အခမဲ့ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 

ထွန်းလင်း(ဇေယျာမြေ)