နေပြည်တော် ၊ အောက်တိုဘာ ၁၂

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိ သူကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၂ ရက်မှစတင်ကာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ရေဆင်းအခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံလျက်ရှိ ကြောင်းသိရသည်။     

                                                                                                                               

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများသည်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက်ရှိသူ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လာရောက် ကြည့်ရှုရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံနေမှုကိုလိုက်လံ ရှင်းလင်းပြောကြားခဲ့သည်။

                                                                                               

ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၂၇ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၈၂၆၉ ရှိကာ အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် ၁၀၀  နှုန်းထိုးနှံပေးသွား မည်ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)