ဇေယျာသီရိ   ဧပြီ   ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ ဧပြီ ၁၅ ရက် နှစ်သစ်ကူးအတာသင်္ကြန် အကြတ်နေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများ၌  မြန်မာ့ရိုးရာသင်္ကြန်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လမ်းများ၊ နေအိမ်များ ရှေ့တွင်လည်း ရေကစားမဏ္ဍပ်များဖွင့်လှစ်ထားရှိရာ နှစ်သစ်ကူး သင်္ကြန်အကြတ်နေ့တွင် ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားလျက်ရှိပြီး စတုဒိသာကျွေးခြင်း လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ခြင်းနှင့် လူငယ်များမှလည်း လမ်းလျှောက်ကာ လှည့်လည်၍ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အပြင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာရှိ ပေါင်းလာင်းမြစ်ကမ်းတွင်လည်း အပန်းဖြေ လာရောက် ရေဆော့ကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)