ဇေယျာသီရိမြို့နယ်တွင် နယ်မြေမီးသတ်စခန်းဖွင့်  

နေပြည်တော် ၂၈   စက်တင်ဘာ 


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မီးသတ်ဦးစီးဌာနလက်အောက်ရှိ ဉတ္တရခရိုင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာရှိ နယ်မြေမီးသတ်စခန်း ဖွင့်ပွဲကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီခွဲကကျင်းပခဲ့သည်။     

ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တက်ရောက်လာသောကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူ များအား မီးဘေးအန္တရာယ်ကျရောက်လာလျင် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကြည်ထွန်းက ကျေးဇူးတင်စကားပြန်လည် ပြေကြားကာ တက်ရောက်လာသည့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် နယ်မြေမီးသတ်စခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပေးခဲ့သည်။    

ကျည်တောင်ကျေးရွာနယ်မြေမီးသတ်စခန်းကို ယခင်ကယာယီနယ်မြေမီးသတ်စခန်း အဖြစ်ထားရှိပြီး ကျည်တောင်ကျေးရွာနယ်မြေအတွင်းရှိ ပြည်သူများ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လျှင်မြန်ထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နယ်မြေမီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ထွန်းလင်း(ပြန်/ဆက်)