ဖြူး   ဖေဖော်ဝါရီ   ၂၀

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့မှု ပပျောက်နှိမ်နင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်‌ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်က ဇေယျဝတီမြို့၊ ပြောင်သေကျေးရွာ နေပြည်သူများအား ငှက်ဖျားရောဂါဆိုင်ရာ အသိပညာပေး၍ ဆေးစိမ်ခြင်ထောင်များ  အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားအင်စပက်တော် ဦးဇော်လင်းမောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ငှက်ဖျားရောဂါ သွေးဖောက်‌စစ်ဆေးခြင်း၊  ငှက်ဖျားရောဂါအန္တရာယ် ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေး၍  အိမ်ထောင်စု(၈၆)စုအတွက် တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)