မန္တလေး ၁၁ ဒီဇင်ဘာ
ဈေးချိုတော် ညဈေးဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၉နာရီက ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း၊ ၈၅ လမ်း နှင့် ၈၆ လမ်းကြားရှိ ဈေးချိုပလာဇာ ပထမထပ်တွင် ကျင်းပသည်။

အခမ်းအနားတွင် ဈေးချိုတော်ညဈေးဖြစ်မြောက်ရေး တာဝန်ခံ ဦးအောင်စိုးမြင့်က ဈေးချိုတော် ညဈေးနှင့် ပတ်သက်၍ မိတ်ဆက်လိုသည်များ ပြောကြားပြီး တက်ရောက်လာသူများ မေးမြန်း သည်များကို ပြန်လည် ဖြေကြားသည်။

ပြပွဲအား ဒီဇင်ဘာလ ၁၁ရက်မှ ၁၄ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ အစားသောက်များ၊ လက်မှုပစ္စည်းများ၊ အဝတ်အထည်များ၊ အလှကုန်ပစ္စည်းများ၊ ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်ရန် လာရောက်လေ့လာနိုင်ပြီး ၁၀ ပေ ပတ်လည်မှစ၍ လိုအပ်ချက်များပေါ် မူတည်ပြီး ကန်သတ်ပေးသွားမည် ဖြစ်ကြောင်း၊ ဈေးချိုညဈေးတွင် စနေ၊တနင်္ဂနွေနေ့များတွင် ဖျော်ဖြေရေး အစီစဉ်များ၊ ညဈေးမိတ်ဆက်ပွဲတွင် ပန်းချီဆရာ (၇)ဦး၏ ပန်းချီလက်ရာများ၊ ကျောက်ပန်းချီကားများ၊ ပန်းပုလက်ရာများ၊ ကြေးသွန်းထည်များ၊ ကိုရီးယားစတိုင်ဝတ်စုံများ ပါဝင်ပြသ ရောင်းချပေးကြကြောင်း သိရသည်။

တင်ဇာလှိုင် (ပြန်/ဆက်)
