ဆင်ပေါင်ဝဲ ၂၅  ဖေဖော်ဝါရီ  

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှ ဦးဆောင်၍ ဈေးအတွင်းရှိ ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်၊ မပြည့်စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်စားသုံးသူဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးနိုင်ဦးက တိုင်းရုံးညွှန်ကြားချက်အရ ဈေးကွက်အတွင်းရှိ  ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်၊ မပြည့်နှင့် ဖော်ပြပါရှိရန် သတ်မှတ်ထားသော အချက်များ ပါဝင်မှုရှိမရှိ စစ်ဆေးခဲ့ပြီး တိုင်းရင်းဆေးကုဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းစိုးက အများပြည်သူ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခန့်ဝင်း (ပြန် / ဆက်)

 

mdn