၁၅  ဩဂုတ်

ငါးပုစွန်မွေးမြူရေးနှင့် ပတ်သက်၍ ယခု ကိုဗစ်ကာလတွင် ထိခိုက်မှုနည်းပါးစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဈေးကွက်ကို မိမိကိုယ်တိုင်ဖန်တီးရန် လိုအပ်ပါကြောင်း၊ ဈေးကွက်ရှာခြင်းနှင့် ဈေးကွက်ဖန်တီးခြင်းသည် မတူညီပါကြောင်း၊ ဈေးကွက်ရှာခြင်းသည် ရှိပြီးသား ဈေးကွက်ကို လိုက်ရှာခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်ဖန်တီးခြင်း၊ ဈေးကွက်ထွင်ခြင်းသည် မိမိတို့ ထုတ်လုပ်နိုင်သည့် ပစ္စည်းများကို အခြားသူများ ဝယ်ချင်အောင်လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း၊ နှစ်ခုစလုံးသည် အရေးကြီးပါကြောင်း။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇-၇-၂ဝ၂ဝ ရက်နေ့တွင် COVID-19 နှင့် သားငါးမွေးမြူ ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန် ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)