နေပြည်တော်၊ ၁၇ ဇွန်
ရေခံမြေခံကောင်းရှိသော စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာထွက်ကုန်များ အနေဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ဖြစ်စေရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် သီးနှံများထုတ်လုပ်နိုင်ရေးအတွက် သီးနှံပုံစံများ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အတွက် ရင်းနှီးမြုပ်နှံသူများကို အားပေးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဇွန် ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ကျင်းပသည့် လယ်ယာကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး အတွက် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် ကောင်စီဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းအဆင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ် လုပ်မှုတိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းရုံးအဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့ ်တွေ့ဆုံသည်။
အလားတူ မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာရှိ ဒေသနွားမျိုးထိန်း၊ မျိုးပွားနှင့် တိရစ္ဆာန် အစားအစာဖွံ့ဖြိုးရေး သုတေသနခြံသို့ သွားရောက်ပြီး ဒေသနွားမျိုးရင်းများ ထိန်းသိမ်းရေး၊ ဒေသမျိုးရင်းနွာများနှင့် တိရိစ္ဆာန်အစာ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမှုမြို့နယ် ပျော့ရွာလျှပ်စစ်မြစ်ရေတင် သောက် (GAP)စနစ်ဖြင့် စိုက်ပျိုးထားရှိသော မိုးကြိုပဲတီစိမ်း စိုက်ခင်းတွင် ဥကပ်ပါးနဂျီလွှတ်၍ ဇီစနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိကြပြီး ဒေသနေတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
(သတင်းစဉ်)


