၁၀ ဇွန်
ဗီယက်နမ် မြောက်ပိုင်းက ရာချီတဲ့ လိုင်ချီး စိုက်တောင်သူတွေရဲ့ ထုတ်ကုန်တွေ ရောင်းချရာ နေရာဖြစ်တဲ့ လက်ကားဈေးမှာ အင်္ဂါနေ့က ဈေးနှုန်း အင်မတန် ကျဆင်းနေတာနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ဗီယက်နမ်နိုင်ငံကို လာရောက်သူတိုင်း ၁၄ ရက်တိတိ သီးသန့်ခွဲခြား နေထိုင်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားသား ကုန်သည်တွေက လာရောက်ဝယ်ခြင်း မရှိတာလို့ သိရပါတယ်။ နိုင်ငံခြားသား ကုန်သည်တွေ လာရောက်ဝယ်ခြင်း မရှိတဲ့အတွက် အခုလို ဈေးနှုန်းကျနေတာလို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံမှ လိုင်ချီးသီးတွေကို နှစ်စဉ် ဂျပန်၊ ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံတွေကို တန်ချိန် ၁၀ဝ,ဝ၀ဝ ကျော် တင်ပို့ရောင်းချရာမှ နှစ်စဉ်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် ရရှိကြောင်း သိရပါတယ်။
ဒီနှစ်မှာတော့ ဗီယက်နမ်နယ်စပ်တွေ ပိတ်ထားတဲ့ စီးပွားရေး ကျဆင်းတာအပြင် တရုတ်ကုန်သည်တွေ လည်း လာရောက်ဝယ်ခြင်း မရှိတဲ့အတွက် နိုင်ငံတွင်းမှာပဲ ရောင်းချရတာကြောင့် ဈေးနှုန်းက အလွန်နည်းကြောင်း၊ အခုနှစ်ဝင်ငွေဟာ တစ်ဝက်နည်းပါး ကျသွားကြောင်း အသက် ၃၅ နှစ်အရွယ် လိုင်ချီးစိုက် တောင်သူက ပြောပါတယ်။
တရုတ်နိုင်ငံ နယ်စပ်ကနေ ကားနဲ့ သုံး၊ လေးနာရီမောင်းလာရင် ရောက်ရှိမယ့် လိုင်ချီး လက်ကားဈေးကို နိုင်ငံခြားသား ကုန်သည်တွေက တိုက်ရိုက်လာရောက် ဝယ်ယူလေ့ရှိကြောင်း သိရပါတယ်။ လိုင်ချီးဟာ ဈေးကွက်မှာ တစ်လခွဲသာ ရောင်းချတဲ့ သစ်သီး ဖြစ်ပါတယ်။
ပြီးခဲ့နှစ်က ဗီယက်နမ်နိုင်ငံဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပို့ကုန်ကနေ အမေရိကန် ဒေါ်လာ ၃.၇၆ ဘီလီယံရရှိခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP
