မော်လိုက် ၂  သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၊ အားကစားခန်းမ၌ TOP STAR BUSINESS GROUP မှ စုစည်းကျင်းပသည့် ဈေးရောင်းပွဲတော်တွင် ရောင်းချမည့် စားသောက်ကုန်များအား ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိ မရှိ တို့ကို သြဂုတ် ၂ ရက် ညနေ ၃ နာရီက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လိုက်လံစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူး ဦးနေလင်းထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ ကျန်းမာရေးမှူး(၁) ဦးခင်မောင်သန်း၊ မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးသိန်းထူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစံမင်းအောင်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် သူရိန်စိုးနှင့် မြို့မ(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် အဖွဲ့သည်။

ဈေးရောင်းပွဲတော်တွင် ရောင်းချမည့် စားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ တရားဝင် ထုတ်ပြန်ကြေညာထားသည့် စားသုံးရန်မသင့်သည့် အစားအစာများ၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိနှင့် ကျန်းမာရေးနှင့်ညီညွှတ်သည့် အများသုံးယင်လုံအိမ်သာများ ဆောက်လုပ်ထားမှု ရှိ/မရှိ တို့ကို လိုက်လံ စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး