ပင်လည်ဘူး ၂၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် မြို့နယ်စည်ပင် သာယာဈေးတွင် ဈေးသူဈေးသားများကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ဈေးသူ ဈေးသားများ လက်ဆေးရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဧပြီ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်စည်ပင်သာယာဈေးအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ရေများသွားရောက် ထည့်ဝင် လှူဒါန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်စည်ပင်သာယာဈေးတွင်ဈေးသူဈေးသားများ လက်ဆေးရန်အတွက် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ လက်ဆေးရန် လက်ဆေးစင်များ ပြုလုပ်ဆောင်ရွက်ထားရာ အဆိုပါ လက်ဆေးစင်များတွင် ရေများပြတ်လပ်မှုမရှိအောင်၊ ဈေးသူဈေးသားများ သားငါးဟင်းသီးဟင်းရွက် ဝယ်ယူ ကိုင်ဆောင်ပြီးတိုင်း လက်ဆေးနိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့် ရေဂါလန် ၁၆၀ဝ ကို သွားရောက် လှူဒါန်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မျိုးလွင်(ပင်လည်ဘူး)
