ဇီးကုန်း ၂၂ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်နိုင်ရန် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသိန်းထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်းနှင့် ရန်ကုန်-ပြည်ကားလမ်းရှိ ရွှေပြည်ဓန စက်သုံဆီဆိုင်တွင် မီးသတ်ဆေးဘူးများ အသင့်ထားရှိမှု စက်သုံဆီများ စနစ်တကျသိုလှောင်ထားရှိမှု တို့ကိုစစ်ဆေးခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်မှုကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)