ဇီးကုန်း မေ ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

မေ ၂၁ ရက်က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ ထိခိုက်ဒဏ်ရာရရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသနေသော လူနာနှစ်ဦးအား ထောက်ပံ့ငွေ ကျပ် ၁၀၀၀၀၀ ကိုလည်းကောင်း၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ သရက်တပင်ကျေးရွာအုပ်စုနှင့် အမှတ်(၂)ရပ်ကွက်မှ အမိုးလန်နေအိမ်(၈)လုံးနှင့် ပြိုလဲနေအိမ်တစ်လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀၀၊ အိမ်ထောင်စု(၉)စုရှိ လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၆၅၁၀၀ စုစုပေါင်း ကျပ် ၄၆၅၁၀၀ နှင့် ပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး တစ်ပုံးတို့ကိုလည်းကောင်း ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောလင်းသိန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်တို့က လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)