ဇီးကုန်း   ၁၄  အောက်တိုဘာ

 

(၄၈)ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် လောင်းလှူခဲ့ကြောင်း သိရသည်။

 

1

 

ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဘုရားရှင်အမှူးပြု၍ ကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသော ရဟန်းသာမဏေနှင့် သီလရှင်အပါး (၂၆၉)ပါးတို့သည် အမှတ်(၄)ရပ်ကွက်ရှိ သမားတော်ကျောင်းတိုက်မှ စတင်၍ သမိုင်းဝင် မြသိန်းတန် စေတီတော်မြတ်ကြီးအထိ အလှူခံကြွချီရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ အလှူရှင်များ၊ နိုင်ငံရေးပါတီများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များက ဆွမ်းဆန်တော်များ၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

 

8

 

အဆိုပါ လှူဒါန်းမှု အစုစုတို့ကို မြသိန်းတန်စေတီတော် ပဋ္ဌာန်းဓမ္မာရုံကြီးအတွင်း၌ စုပေါင်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)