ဇီးကုန်း ဇူလိုင် ၁၉
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်း နှစ်ခုမှ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးသက်လွင်၏ ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများကို တစ်မိနစ်ငြိမ်သက်ကာ အလေးပြုခြင်းနှင့် မီးသတ်ကား ဥဩဆွဲခြင်းများ ဆောင်ရွက်ကြပြီး လမ်းသွားလမ်းလာ ပြည်သူများကလည်း ရောက်ရှိသည့်နေရာ၌ ရပ်တန့်အလေးပြုခဲ့ကြသည်။ ထို့ပြင် မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများတွင်လည်း နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြသည်။
တင့်ဆွေ(ပြန်/ဆက်)