ဇီးကုန်း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာ ရေးစပ်နည်းသင်တန်းကို မတ် ၂၃ ရက်က ဖွင့်လှစ်သည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက အခြေခံ ကဗျာရေးစပ်နည်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာကြီး ဦးအေးမော်က ကဗျာရေးစပ်နည်းနှင့်ပတ်သက်သည့် အခြေခံနည်းစနစ်များ၊ အသံဝါကျနှင့် ကာရန်များအကြောင်း၊ ကဗျာ၏ ဂုဏ်အင်္ဂါရပ်များနှင့် အခြေခံ သဘောတရားများကို သင်ကြားပေးသည်။
အဆိုပါ အခြေခံကဗျာ ရေးစပ်နည်းသင်တန်းကို မတ် ၂၃ ရက်မှ ၂၄ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ကျောင်းသား လူငယ် ၃၁ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


