ဇီးကုန်း   အောက်တိုဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ကို အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ်လေးနေရာဖြစ်သည့် အထက(ဇီးကုန်း)၌ ကျောင်းသား ကျောင်းသူ ၃၈၃ ဦး၊ အထက(မြို့မ)၌ ၄၈၅ ဦး၊ အထက(မယင်းလက်ပံခုံ)၌ ၂၇၄ ဦး၊ အလက(ထန်းတပင်)၌ ၅၈၆ ဦး စုစုပေါင်း ၁၇၂၈ ဦးအား စတင်ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)