ဇီးကုန်း    ဧပြီ  ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အမှတ်(၄)ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဗဟိုမဏ္ဍပ် တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း၊ ယိမ်းအကအဖွဲ့များဖြင့်ဖျော်ဖြေခြင်း စသည့်အစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဇီးကုန်းမြို့နယ်တွင် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဗဟိုရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့များက အလှည့်ကျ ကပြ ဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့တွင် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရပ်ကွက်/လမ်းများ၌ ရွတ်ဖတ်ခြင်းများနှင့် သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)