ဇီးကုန်း       မတ်      ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားကစား သင်တန်းများကို မြို့နယ်အားကစားကွင်း၌ မတ် ၂၉ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

 

သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာခြင်းလုံး၊ လက်ဝှေ့နှင့် ဘောလီဘော အားကစားနည်း များအား သက်ဆိုင်ရာ နည်းပြများက စနစ်တကျ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)