ဇီးကုန်း  ၁  ဒီဇင်ဘာ

ရှမ်းတိုင်းရင်းသားတို့၏ ပထမအကြိမ် နှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ ညနေ ၄ နာရီခွဲက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဝက်ကော်(အောက်ရှမ်းစု)ကျေးရွာ အလယ်တန်းကျောင်း၌ ပြလုပ်ခဲ့သည်။

 

sh1

 

အခမ်းအနားတွင် သာသနာ့အလံနှင့် ရှမ်းအမျိုးသားအလံအား အလေးပြုခဲ့ကြပြီး ရှမ်းဗုဒ္ဓစာပေ ယဉ်ကျေးမှု နာယကဆရာတော် ဦးဉာဏဓဇ၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဇီးကုန်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက စိုင်းလှမျိုးရှိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

sh3

 

အခမ်းအနားသို့ ရန်ကုန်၊ မှော်ဘီ၊ ပဲခူးအရှေ့ဘက်ခြမ်းမှ ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမများ၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုပ်ဖို၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်မြို့နယ်များမှ ရှမ်းတိုင်းရင်းသားများ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့ကြပြီး ရှမ်းရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

sh41

 

အဆိုပါပွဲတော်ကို ရှမ်းတိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားစေရန်နှင့် တိုင်းရင်းသား ညီအကိုအချင်းချင်း ချစ်ကြည်မြတ်နိုးမှု ပိုမိုရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

တင့်ဆွေ(ဇီးကုန်း)