ဇီးကုန်း ၁၃ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ(ပဲ)စိုက်တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မန်နေဂျာ ဒေါ်ခင်မာက နိုင်ငံတော်မှ တောင်သူများ ဆောင်းသီနှံ စိုက်ပျိုးရာတွင် လိုအပ်သောစိုက်ပျိုးစရိတ် အဆင်ပြေစေရန်အတွက် ညွှန်ကြားချက်များနှင့် နှစ်စဉ် ထုတ်ချေးပေးလျှက်ရှိကြောင်းနှင့် ထုတ်ချေးပေးရာတွင်လည်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် အုပ်စုများခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လမ်မကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦးအား တစ်ဧကလျှင် (၁)သိန်းကျပ်နှုန်းဖြင့် (၄၇၄)ဧကအတွက် ငွေကျပ် (၄၇၄၀၀၀၀၀)အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများက တောင်သူများအား ထုတ်ချေးပေးခဲ့သည်။
ယခုနှစ် ဇီးကုန်မြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးစရိတ်အား ကျေးရွာအုပ်စု(၃၁)အုပ်စုမှ ဆောင်းသီးနှံစိုက်ဧက(၃၂၅၀၈) ဧက အတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၂၅၀၈၀၀၀၀၀) ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရှိရသည်။
တင့်ဆွေ(ပြန်/ဆက်)


