ဇီးကုန်း မေ ၂၆

 

“၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ မေ ၂၆ ရက် နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

 

ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၀၄)ကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ ဆရာမများမှ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

 

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၅)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၇)ကျောင်း၊ မူလတန်းကျောင်း (၇၄)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း (၂)ကျောင်း စုစုပေါင်း (၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၅)ကျောင်းတို့၌ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဇွန် ၂ ရက်မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီထံမှ သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)