ဇီးကုန်း မေ ၂၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက် နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

 

ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၀၄)ကျောင်း၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ ဆရာမများမှ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်ခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် KG မှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံများကို အခမဲ့ ထုတ်ပေးလျက်ရှိသည်။

 

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄)ကျောင်းတို့၌ မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)