ဇီးကုန်း အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ဆောင်ရွက်မည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း(၅)ခုအား မြေအောက်ရေ တိုင်းတာခြင်းကို ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ (၈)ရက်မှစတင်၍ တိုင်းတာဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး တိုင်းတာဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကျေးရွာများတွင် မြေအောက်ရေ တိုင်းခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် မြေအောက် ရေထုတည်ရှိမှုများကိုသိရှိရခြင်း၊ မြေအောက်ရေတည်ရှိသည့် အနက်ပေကိုသိရှိရခြင်းနှင့် တွင်းတူးဖော်သည့်အခါ တိကျမှုရှိပြီး လွယ်ကူမြန်ဆန်စေခြင်းများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် ပထမခြောက်လတာကာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ချောင်းနားကျေးရွာ၊ ကျွန်းတောကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ သဲကောကျေးရွာနှင့် သစ်ဖြူပင်ကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုညို(ကျေးလက်)