ဇီးကုန်း ၁၈ မေ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်ကို ယာယီရပ်ဆိုင်ထားခဲ့သည်။ ယခုအခါ မေလ (၁၈)ရက်နေ့တွင်စတင်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများတွင် စတင်ထိုးနှံပေးသွားမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဖြစ်သော မွေးကင်းစမှ ၁၈ လ အထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက်က စတင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် မေလ(၁၈)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ကိုလည်းကောင်း၊ မေလ(၁၉) ရက်နေ့တွင် အမှတ်(၄)ရပ်ကွက်ကိုလည်းကောင်း၊ မေလ(၂၀)ရက်နေ့တွင် အမှတ်(၁)နှင့် အမှတ်(၃) ရပ်ကွက်ကို လည်းကောင်း၊ မေ ၂၁ ရက်တွင် အမှတ်(၁)ရပ်ကွက်ကိုလည်းကောင်း၊ မေလ(၂၂) ရက်နေ့တွင် ယခင်ရက်များက ကာကွယ်ဆေးထိုးရန် ကျန်ရှိသူမျာကို ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာအုပ်စုများကိုလည်း မေ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေး နိုင်ရန်အတွက် မိဘအုပ်ထိန်းသူများအနေဖြင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် အသိပေးထားကြောင်း မြို့နယ်ပြည်သူဆေးရုံ တာဝန်ရှိသူထံမှ သိရှိရသည်။
မြို့နယ်ပြန်/ဆက်


