ဇီးကုန်းမြို့နယ်တွင် နေရပ်ပြန်များကို သီးခြားစောင့်ကြည့်ထားရှိရန် စီစဉ်ဆောင်ရွက်ထားသော Facility Quaratine နေရာအား ကြည့်ရှုစစ်ဆေး

ဇီးကုန်း   ၂၂   မေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ဦးအောင်ချိုဦးသည် ယနေ့နံနက်က ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်များကို သီးခြားစောင့်ကြည့်ထားရှိရန် စီစဉ်ဆောင်ရွက်ထားသော Facility Quarantine နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး Quarantine ဝင်ရောက်သူများ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဂရုတစိုက် လုပ်ဆောင်ရန် တို့ကို မှာကြားသည်။

ယခင်က အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)နှင့် နီးစပ်ရာကျေးရွာ စာသင်ကျောင်းများတွင် စီစဉ်ဆောင်ရွက်ထားရှိခဲ့ရာ ယခုအခါ ထပ်မံရောက်ရှိလာသူများကို ထားရှိရန်အတွက် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သတင်းရရှိသည်။

MDN