ဇီးကုန်း  ၂၄  နိုဝင်ဘာ

 

(၃၆)ကြိမ်မြောက် မြသိန်းရံဗုဒ္ဓမြတ်စွယ်တော်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဇီးကုန်းမြို့ မြသိန်းရံစွယ်တော်မြတ်စေတီ မြို့လယ်သံဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုကန်တော့၍ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တတေဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးပြီးနောက် အလုပ်အမှုဆောင်အဖွဲ့  ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က ယာယီအပူဇော်ခံ ပလ္လင်ထက်မှ ဗုဒ္ဓမြတ်စွယ်တော်အား စတင်ပင့်ဆောင်ကာ ပဲခူးတိုင်းဝန်ကြီးချုပ်က ဆက်လက်ပင့်ဆောင်ပေးသည်။

 

ဆက်လက်၍ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (၃၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အဆိုပါ စွယ်တော်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဒေဝါဝင်း ရာဇာဝင်းအဖွဲ့များ၊ ဇာတ်နိပါတ်တော်များ၊ ဖျော်ဖြေရေးကားများဖြင့်  ဇီးကုန်းမြို့အတွင်းသို့ စတင်လှည့်လည်ပူဇော်ခံရာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများက ဖူးမြော်ကြပြီး အလှူငွေများထည့်ဝင် ကုသိုလ်ယူကာ စည်ကားသိုက်မြိုက်လျှက်ရှိကြောင်း သိရသည်။

 

ဟိန်းထက် (ပဲခူး)