ဇီးကုန်းမြို့တွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဇီးကုန်း ၁၀ သြဂုတ် 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် ၁/၂၀၁၈ ဆင်းပွဲအခမ်းအနားကို သြဂုတ်လ (၂) ရက်က ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

စက်ချုပ်သင်တန်းကို ဇူလိုင်လ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျေးရွာအုပ်စု (ဂ)အုပ်စုမှ ကျေးရွာပေါင်း (၁၈) ရွာတို့မှ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း (၃)ကြိမ်အတွင်း စက်ချုပ် သင်တန်းသူ (၈၀)ဦး မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဒေါ်လဲ့ လဲ့မွန် နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုသက် (ဇီးကုန်း)