ရေး ၄ ဩဂုတ်
ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မုန်တိုင်းအန္တရာယ် သတိပေးထားခြင်းနှင့် လှိုင်းဒဏ်စိုးရိမ်မှုကြောင့် ပင်လယ်ကမ်းနဖူးရှိ လူနေအိမ် ၅၀ ကျော်ကို ယနေ့မွန်းလွဲ ၂ နာရီခန့်က ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
အဆိုပါ လူနေအိမ် ၅၀ ကျော်ကို ရတနာအောင်မြေ ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံနှင့် ၎င်းတို့၏ နီးစပ်ရာအိမ်များသို့ ယာယီပြောင်းရွှေ့ပေးထားကြောင်း ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးထံမှ သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)