ကျောက်ဆည် ၆ ဒီဇင်ဘာ
ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်(၉)နာရီက ဇီဝိတဒါန သွေးလှူရှင်များ အသင်းကြီး၏ (၁၇)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စုပေါင်း သွေးလှူဒါန်းပွဲသို့ ကျောက်ဆည်ခရိုင်အတွင်းရှိ ဇီဝိတဒါနသွေးလှူရှင်အသင်းကြီး၏ အဖွဲ့ဝင် အသင်းငယ်ပေါင်း (၃၀)နှင့် မိတ်ဖက်အသင်းများဖြစ်သည့် မြင့်မိုရ်ရွှေထီးဆောင်း ဆရာတော် ဦးဆောင်သည့် သွေး လှူရှင်အသင်း၊ ရေစကြိုမြို့နယ်မှ စုပေါင်းသွေးလှူရှင်အသင်း၊ နေပြည်တော်မှ စုပေါင်းသွေးလှူရှင် အသင်း၊ မန္တလေးတိုင်းဒေသကြီးမှ စုပေါင်းသွေးလှူရှင်အသင်း(၅)သင်းတို့မှ သွေးအိတ်ပေါင်း (၁၈၀) အိတ်ကို စုပေါင်းသွေးလှူဒါန်း ခဲ့ကြပြီး သွေးအလှူရှင်များ လိုအပ်မှုများ မရှိစေရေး ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်နှင့် ဇီဝိတဒါနသွေးလှူရှင် ဥက္ကဌ ဦးမျိုးမြင့်အောင်တို့မှ လိုအပ်မှုများ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)