ဇီဝိတဒါနသံဃာဆေးရုံကြီးသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ငွေကျပ် သိန်း ၃၀ ကျော် တန်ဖိုးရှိ ပစ္စည်းများလှူဒါန်း

ရန်ကုန်  ၈  ဧပြီ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အဖွဲ့ဝင်များသည် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသို့ ယမန်နေ့  မွန်းလွဲပိုင်းတွင် စုစုပေါင်း တန်ဖိုးငွေကျပ် ၃,ဝ၀၄,၈၀ဝ တန်ဖိုးရှိ PPE ဝတ်စုံများ၊ Mask, Hand Gel (500) ML, သူနာပြုဝတ်စုံ၊ အပူချိန်တိုင်းကိရိယာ၊ Yum Yum အသင့်စားခေါက်ဆွဲနှင့် အခြေခံစားသောက်ကုန်များ စသည်တို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်