ဇလွန် ၁၁ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သော အိမ်ထောင်စု တစ်စုလျှင် စားသုံးကုန် ပစ္စည်း (၅)မျိုးကို ဧပြီ ၁၁ ရက် မွန်းလွဲ ၃ နာရီက ကမ်းနားရပ်ကွက်နှင့် အရူပ်ကွင်းကျေးရွာအုပ်စုတို့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

​ထောက်ပံ့​ပေးအပ်ရာတွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကမ်းနားရပ်ကွက် အခြေခံလူတန်းစား အိမ်ထောင်စု(၁၂၂)အတွက် ဆန်အိတ် (၄၀)အိတ်နှင့် (၁၆)ပြည်၊ ဆီ(၆၁)ပိဿာ၊ ဆား (၆၁)ပိဿာ၊ ပဲ (၁၂၂)ပိဿာ၊ ကြက်သွန်နီ (၁၂၂)ပိဿာ၊ အရူပ်ကွင်းကျေးရွာအုပ်စု အခြေခံလူတန်းစား အိမ်ထောင်စု(၈၁)စုအတွက် ဆန်အိတ် (၂၇)အိတ်၊ ဆီ(၄၀)ပိဿာ (၅၀)ကျပ်သား၊ ဆား (၄၀)ပိဿာ (၅၀)ကျပ်သား၊  ပဲ (၈၁)ပိဿာ၊ ကြက်သွန်နီ (၈၁)ပိဿာတို့ကို အခြေခံလူတန်းစား အိမ်ထောင်စုများထံ အိမ်တိုင်ရာရောက် စတင်ဖြန့်ဝေခဲ့သည်။

 

ဇလွန်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၉၀၅)စုရှိပြီး ယနေ့တွင် အိမ်ထောင်စု (၂၀၃)စုအား စတင်ဖြန့်ဝေပေးခဲ့ကာ ကျန်ရှိသည့် အိမ်ထောင်စုများအား ၁၅ ရက်နေ့အပြီး နေ့ရက်အလိုက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)