ဇလွန် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့က မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်း ကျင်းပသည်။
တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ) အခမ်းအနားတွင် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး အကျိုးတော် ဆောင်ဂေါပကအဖွဲ့၏ သြဝါဒါ စရိယ သဖန်းကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တဉာဏိက က အနုမော ဒနာတရားချီးမြှင့်၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကြသည်။
ယင်းနောက် ၁၃၈၇ ခုနှစ် တပေါင်းလ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသင်းအဖွဲ့များ၊ အလှူရှင်များ၏ စုပေါင်းဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲ လောင်းလှူပွဲကို မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးဝင်း အတွင်း၌ ကျင်းပရာ ဇလွန်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၄၀ မှ သံဃာတော် အပါး ၅၄၀၊ သီလရှင် ၂၃ ပါး စုစုပေါင်း ၅၆၃ ပါးတို့အား ဆန် ၉၄ အိတ်၊ ဆီ ၂၈၂ ပိဿာ၊ ပဲ ၅၆၄ ပြည်၊ ကြက်သွန်နီ ၅၆၄ ပိဿာ၊ လက်ဖက်ခြောက် ၅၆ ဒသမ ၄ ပိဿာ စုစုပေါင်းလှူဒါန်းငွေကျပ် ၂၃၈၃၆၇၈၄၊ စာရေးတံမဲ အလှူငွေကျပ် ၉၆၅၀၀၀၀၊ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ) အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များအား လှူဒါန်းငွေ ကျပ် ၇၉၀၀၀၀၀ စုစုပေါင်း လှူဒါန်းငွေ ၄၉၂၉၆၅၈၄ ကျပ် တို့ကို စုပေါင်းလောင်းလှူခဲ့ ကြသည်။
ဇလွန်(ပြန်/ဆက်)


