ဇလွန် ၇ သြဂုတ်     

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၁၉ လုံးရှိ အိမ်ထောင်စုဝင်များနှင့် ဓမ္မာရုံ တစ်လုံးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု စိန်ကလေးကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့တွင် သြဂုတ်လ ၆ ရက်နေ့ နံနက် ၅ နာရီမှ ၁၁ နာရီအချိန်အတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် ၁၉ လုံးအတွက် နေအိမ် တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ်  ၁၉၀၀၀၀၀၊ ဆန်ရိက္ခာ တစ်ပတ်စာ အတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၈၅  ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ်  ၁၇၈၅၀၀၊ ဓမ္မာရုံ တစ်လုံးအတွက် ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀၊ စုစုပေါင်း ထောက်ပံငွေကျပ်  ၂၁၇၈၅၀၀  တို့အား

ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်း၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းသီတာနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)