ဇလွန် ၁၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ အမှတ်(၄၉) စက်မှုလယ်ယာစခန်း တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းနားတွင် ဟင်္သာတခရိုင် စက်မှုလယ်ယာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူဦးလှိုင်တိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်အောင်က ဇလွန်မြို့နယ်အတွင်းရှိ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူအသုံးပြုသူ တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုဆိုင်ရာ အခြေခံသင်တန်းများကို စာတွေ့လက်တွေ့ ပညာသင်ကြားပြသပေးခြင်းဖြင့် လက်တွေ့အသုံးပြုရာ၌ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်မှု ရှိလာစေရန် ၊ အန္တရာယ်ကင်းရှင်းစွာဖြင့် စက်များကို ကိုင်တွယ်အသုံးပြုတတ်စေရန်၊ စက်သက်တမ်းကြာရှည်စွာဖြင့် သက်တမ်းစေ့ အသုံးပြုလာနိုင်စေရန်နှင့် အသက်မွေးဝမ်းကြောင်း ပညာတစ်ရပ်အနေဖြင့် ကျွမ်းကျင်စွာ တက်မြောက် အသုံးပြုစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၁)အုပ်စုမှသင်တန်းသား ၃၀ ကို စာတွေ့ လက်တွေ့ ရက်သတ္တပတ်နှစ်ပတ်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း ဇလွန်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဌေး၏ ပြောကြားချက်အရ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)