ဇလွန် ၂၅ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ ကို ယနေ့ နံနက်ပိုင်းက စစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းမှ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ / မရှိ ကို ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


