ဇလွန် ၁၈ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးအတွင်းစျေးဆိုင်ခန်းများ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ၊မရှိကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးအတွင်းစျေးဆိုင်ခန်းများ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ၊ မရှိနှင့် နှာခေါင်းစည်း တပ်ဆင်မှုများ စစ်ဆေးခဲ့ပြီး အဝတ်ဖြင့်ချုပ်သော နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


