ဇလွန်၊ ၁၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဇလွန်မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေး၊ လမ်းဘေး ဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ /မရှိ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိဈေး ၊ လမ်းဘေးဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်းရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြပြီး စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး၊ လမ်းဘေး ဈေးဆိုင်နှင့် အိမ်ဆိုင်များဖြစ်သည့် ဆံပင် ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ ၊ အိမ်ဆိုင်များ၊ ဘုရားဈေးဆိုင်ခန်းများအား ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချသွားရန်၊ ပုဂ္ဂလိကဆေးဝါး အရောင်းဆိုင်များအား ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ နံနက် ၆ နာရီမှ ည ၇ နာရီအထိသာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အသိပေးပြောကြားထားကြောင်း သိရသည်။
ဝေယံ(ဇလွန် ပြန်/ဆက်)


