ဇလွန်  ၄  စက်တင်ဘာ 


ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ကျေးလက်ရေပေးဝေရေး လုပ်ငန်းများ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က ရေပေးဝေရေး လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအလိုက် တက်ရောက်လာသော ကိုယ်စားလှယ်များမှ သိရှိလိုသည်များအား မေးမြန်းရာဟင်္သာတခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


ယင်း နောက်လုပ်ငန်း လွှဲပြောင်းပေးအပ်လွှာများအား သက်ဆိုင်ရာ ကျေးရွာများ၏ ရေကော်မတီများထံ တာဝန်ရှိသူများက အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ကျေးရွာရေပေးဝေရေး ကော်မတီများအား Operation and Maintenance Procedure ရန်ပုံငွေကောက်ခံခြင်း၊ စုဆောင်းထိန်းသိမ်းခြင်းနှင့် လုပ်ငန်းစဉ်များအား သင်တန်းပို့ချပေးခဲ့ကြသည်။


ဝေယံ-ဇလွန်(ပြန်/ဆက်)