ဇလွန် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက မေရီလန်းကျေးရွာအုပ်စု အိုးဘိုစုကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် မေရီလန်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူတောင်သူများအား တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း သိရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာနိုင်စေရန် ရည်ရွယ်၍ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါသင်တန်းသို့ မေရီလန်းကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၂၀) တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ဇလွန် ပြန်/ဆက်)


