ဇလွန်  မေ   ၂၄

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၁၅၀၀၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဘိနယ်တာဝန်ခံ တောအုပ်ဦးမြင့်သူ ထံမှ သိရသည်။

 

ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးဥယျာဉ်အတွင်း ကျွန်း (၁၀၀၀) ၊ ပျဉ်းကတိုး ( ၅၀၀ )၊ မဟော်ဂနီ ( ၅၀၀ )၊ မန်ဂျန်ရှား ( ၁၂၀၀၀ ) ၊ ယမနေ ( ၁၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း ( ၁၅၀၀၀) ကို ပျိုးထောင်ထားရှိပြီး ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်း စသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ပြုစုထိန်းသိမ်း သွားစေလိုကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)